ပဲခူး ဇန်နဝါရီ ၁၆
ပဲခူးမြို့တွင် မြို့တော်အင်္ဂါရပ်နှင့်အညီ လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်ပြီး မြို့အတွင်း ယာဉ်ကြောကျပ်တည်းမှု များ ပြေလျော့စေရန် ပဲခူးမြစ်ကူး တံတားသစ်(မြို့ဦးကင်း)ကို ၂၀၁၉ ခုနှစ် မတ် ၂ ရက်က စတင်တည် ဆောက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြစ်ကူးတံတားသည် သမိန်ဗရမ်းလမ်းနှင့် စိန်သာလျောင်း လမ်းမကို ဆက်သွယ်ထားခြင်းဖြစ်ပြီး တံတားကြီးကို ဘိုးပိုင်အုတ်မြစ်၊ ကိုယ်ထည်မှာ သံကူကွန်ကရစ်ကြမ်း ခင်း၊ လက်ရန်းများနှင့် တည်ဆောက် ထားကာ တံတားအရှည်မှာ ၅၁၈ ဒသမ ၄ ပေ၊ အကျယ်ပေ ၄၀၊ တံတား တစ်ဖက်စီတွင် လူသွားလမ်း ခြောက်ပေစီနှင့် ခံနိုင်ဝန်မှာ တန် ၆၀ ဖြစ်ပြီး တိုင်းဒေသကြီးရန်ပုံငွေကျပ် သန်း ၄၂၀၀ ဖြင့် တည်ဆောက်ထား ကြောင်း တံတားဦးစီးဌာနမှ သိရ သည်။
တံတားကြီးဖွင့်လှစ်ပါက ပဲခူးမြို့ အတွင်း ယာဉ်ကြောကျပ်တည်းမှုများ လျော့ကျသွားမည်ဖြစ်ပြီး ပဲခူးမြို့ လမ်းကွန်ရက် ချိတ်ဆက်မှုများကို အထောက်အကူ ပြုမည်ဖြစ်သည့် အတွက် ပြည်သူများ နေ့စဉ်ဘဝ သွားလာလှုပ်ရှားမှုများ အချိန်တို အတွင်း လွယ်ကူစွာသွားလာနိုင်မည် ဖြစ်ကြောင်းနှင့် ဖေဖော်ဝါရီလတွင် တံတားကြီးကို ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သိရသည်။
ဟိန်းထက်(ပဲခူး)