၅၀၀၀ ကျပ်တန် ငွေစက္ကူကို Live လွှင့်မီးရှို့ပြသူ ဇနီးမောင်နှံကို အရေးယူ

30-Nov-2020

နိုဝင်ဘာလ ၂၇ ရက် နေ့လယ် ၁ နာရီလောက်က လူမှုကွန်ရက်စာမျက်နှာကနေ Live လွှင့် ပြီးမြန်မာကျပ်ငွေ ငါးထောင်ကျပ်တန် ငွေစက္ကူကို မီးရှို့ပြခဲ့တာကြောင့် မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဥပဒေ အရအရေးယူသွားမယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အဲဒီလို Live လွှင့်ပြီး ငွေစက္ကူ ကိုမီးရပြသူ နှစ်ဦးဟာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် က ဇနီးမောင်နှံနှစ်ဦးဖြစ်ပြီး လက်ရှိမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ၁၀၃/၁၀၇ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ကနေထုတ်ဝေထားတဲ့ ငွေစက္ကူတွေကို ခွင့်ပြုချက်မရှိဘဲ ဖြတ်တောက်ခြင်း၊ ဆုတ်ဖြဲခြင်း(သို့) အခြား တစ်နည်းနည်း နဲ့ ပုံသဏ္ဌာန် ပျက်ယွင်းအောင်မပြုလုပ်ဖို့ တားမြစ်ချက်ထုတ်ပြန်ထားတာကို ဖောက်ဖျက်ကျူးလွန်ခဲ့လို့ အရေးယူဆောင်ရွက်မှာလို့ဖော်ပြထားပါတယ်။

ဘီဘီစီမြန်မာပိုင်း

ဓာတ်ပုံ- သက်အောင်/AFP