ဝါရှင်တန် ဒီဇင်ဘာ ၁၈
အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်၏ အနီးကပ် အကြံပေးဖြစ်သူ အမေရိကန်ဒီမိုကရက်တစ်ပါတီ လွှတ်တော်ကိုယ်စားလှယ် ဆီးဒရစ်ရစ်ခ်ျမွန့်ဒ်တွင် ကိုဗစ်-၁၉ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဘိုင်ဒင်၏ စပ်ကူးမပ်ကူး အစိုးရအဖွဲ့က ဒီဇင်ဘာ ၁၇ ရက်တွင် ကြေညာလိုက်သည်။
အနီးကပ်ထိတွေ့မှု မရှိ
ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေး ဌာန၏ အချက်များကို အခြေခံ၍ ဘိုင်ဒင်သည် ရစ်ခ်ျမွန့်ဒ်နှင့် အနီးကပ် ထိတွေ့မှုမရှိခဲ့ဟုယူဆကြောင်း ဘိုင်ဒင်အစိုးရ အဖွဲ့က ပြောကြားလိုက်သည်။
ရစ်ခ်ျမွန့်ဒ်သည် စည်းရုံးလှုံ့ဆော်ရေးပွဲတစ်ခုအတွက် အမေရိကန်တောင်ပိုင်း ဂျော်ဂျီယာပြည်နယ်သို့ ဘိုင်ဒင်နှင့် အတူသွားရောက်ခဲ့ကြောင်း သိရသည်။
ကူးစက်ခံရခြင်းမရှိ
ပါးစပ်နှာခေါင်းစည်းတပ်ဆင်ထားသော သူတို့၏ အပြန်အလှန်တွေ့ဆုံမှုသည် အလုံပိတ်မဟုတ် ဟင်းလင်း ပြင်၌ ၁၅ မိနစ်ထက်မပိုခဲ့ကြောင်း အဆိုပါအဖွဲ့က ဆက်လက် ပြောကြားလိုက်သည်။
ဘိုင်ဒင်သည် ဒီဇင်ဘာ ၁၇ ရက်က ကိုဗစ် - ၁၉ ကူးစက်ခံရခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သည်ဟေးလ်သတင်းဖော်ပြမှုအရ သိရသည်။ ဆင်ဟွာ