နေပြည်တော် ဒီဇင်ဘာ ၃၁
ငွေကြေးလိမ်လည်ရယူသည့် နိုင်ဂျီးရီးယားနိုင်ငံသားများနှင့် ဆက်စပ် ပတ်သက်သောဂိုဏ်းကို လိမ်လည်ပုံ နည်းလမ်း MPU ကတ်များ၊ ဖုန်း SIM Card များ၊ ငွေကြေးများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးပြီးနောက် ဆက်လက် ခြေရာခံမှုများပြုလုပ်ခဲ့ရာ ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်နှင့် သန်လျင်မြို့ နယ်နေ မြန်မာနိုင်ငံသား နှစ်ဦး၊ အမျိုး သမီးငါးဦးတို့ကို ထပ်မံဖော်ထုတ်ဖမ်း ဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။
ထပ်မံဖော်ထုတ်ရရှိသူများထံမှ MPU ကတ်မျိုးစုံ ၅၂ ကတ်၊ ဘဏ် စာအုပ်မျိုးစုံ ၆၈ အုပ်၊ နိုင်ငံသားစိစစ် ရေးကတ်ပြားအတု ၃၉ခု၊ နိုင်ငံသား စိစစ်ရေးကတ်ပြားမိတ္တူ ၄၃ ခု၊ ကုမ္ပဏီမှတ်ပုံတင်လက်မှတ် လေးခု၊ နိုင်ဂျီးရီးယားနိုင်ငံ Passport စာအုပ် သုံးအုပ်၊ Memory Stick ငါးခု၊ တံဆိပ် တုံး အတုမျိုးစုံ ၂၇ခု၊ လက်ကိုင်ဖုန်း ရှစ်လုံးနှင့် SIM Card မျိုးစုံ ၇၃ခု၊ ipad တစ်လုံး၊ BMW အမျိုးအစား မော်တော် ယာဉ်တစ်စီးနှင့် ငွေကျပ်သိန်း ၈၀ ကျော်တို့အား ထပ်မံသိမ်းဆည်းရမိပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ထွက်ဆိုချက်များအရ ပစ်မှတ်များ ကို ဖေ့စ်ဘွတ် မက်ဆင်ဂျာမှတစ်ဆင့် ဆက်သွယ်၍ လိမ်လည်သည့် ပြော စကားများမှာ လက်ဆောင်ပစ္စည်းများ ပို့ထားကြောင်း၊ ဒေါ်လာနှင့် ရွှေချောင်း များပို့ထားကြောင်း၊ နိုင်ငံခြားငွေနှင့် အသုံးအဆောင်ပစ္စည်းများ၊ အဖိုးတန် စိန်ထည်နှင့် လက်ဝတ်ရတနာပစ္စည်း များပေးပို့ထားကြောင်း၊ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုအတွက် လိုအပ်သည့် အမေရိကန်ဒေါ်လာများ ပေးပို့လိုက် ကြောင်းစသည်ဖြင့် ပြောဆိုကာ အဆိုပါ ပစ္စည်းများနှင့် ဒေါ်လာများအတွက် အခွန်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန် ငွေလွှဲခိုင်းခြင်း၊ နိုင်ငံခြားသားတစ်ဦး မြန်မာနိုင်ငံတွင်နေထိုင်ရန် နေအိမ် နှင့်ကား ကြိုတင်ဝယ်ယူပေးထားရန် အတွက် အမေရိကန်ဒေါ်လာများ ပေးပို့လိုက်သဖြင့် ဝန်ဆောင်ခငွေလွှဲ ပေးရန် ငွေလွှဲခိုင်းခြင်း၊ ဟောင်ကောင် ထီပေါက်သည်ဟု ပြောဆို၍ ထီဖိုးငွေ အဖြစ် ငွေလွှဲခိုင်းခြင်းစသည်ဖြင့် ပြောဆိုလိမ်လည်မှု ကျူးလွန်ခြင်းဖြစ် ကြောင်း၊ ငွေလိမ်လည်မှုကို ဦးဆောင် ပြုလုပ်သည့် နိုင်ဂျီးရီးယားနိုင်ငံသားများသည် ၎င်းတို့နှင့်အတူနေ မြန်မာ အမျိုးသမီးများနှင့် ရပ်ကွက်များ အတွင်း အိမ်ငှားနေထိုင်ပြီး အိမ်ငှားရာ တွင်လည်း အတည်တကျမငှားဘဲ ခြောက်လခန့်သာ ငှားရမ်း၍ မကြာ ခဏနေရာ ရွှေ့ပြောင်းနေထိုင်ကြောင်း။
ပြည်သူများအနေဖြင့် မသင်္ကာဖွယ် နိုင်ဂျီးရီးယားနိုင်ငံသားနှင့် မြန်မာနိုင်ငံ သူတို့ အိမ်ငှားနေထိုင်ပါက သက်ဆိုင် ရာ မြို့နယ်/ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့သို့ သတင်းပေးပို့ကြပါရန် အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သတင်းစဉ်