ပေကျင်း ဇန်နဝါရီ ၁
ဗြိတိန်နိုင်ငံတွင် စတင်တွေ့ရှိခဲ့သည်ဟု ယူဆရသော ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတစ်ဦးကို တရုတ် နိုင်ငံတွင် ပထမဆုံးအကြိမ် တွေ့ရှိခဲ့ကြောင်း တရုတ် ကျန်းမာရေးတာဝန်ရှိသူများက ယနေ့ပြောကြားခဲ့သည်။
အဆိုပါဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံထားရသူအမျိုးသမီးသည် အသက် ၂၃ နှစ်အရွယ်ရှိပြီး ဒီဇင်ဘာ ၁၄ ရက် တွင် ဗြိတိန်နိုင်ငံမှ ရှန်ဟိုင်းမြို့သို့ ပြန်လည်ရောက်ရှိခဲ့ ကြောင်း တရုတ်ရောဂါထိန်းချုပ်ရေးစင်တာ၏ ဒီဇင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်ရပ်အရ သိရသည်။
တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ချိန်တွင် ရောဂါ ရှိ၊ မရှိ စစ်ဆေးခဲ့ရာ ၎င်းထံတွင် ပြင်းထန်သော ရောဂါ လက္ခဏာများမပြသသော်လည်း ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။
လက်ရှိကူးစက်ပျံ့နှံ့လျက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ် ထက် ၇၀ ရာခိုင်နှုန်း ပိုမိုကူးစက်မှုမြန်ဆန်သည့် ဗီဇပြောင်း ဗိုင်းရပ်စ်တစ်မျိုး ဗြိတိန်နိုင်ငံတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် အတွက် ကမ္ဘာ့နိုင်ငံပေါင်း ၅၀ ကျော်က ဗြိတိန်နိုင်ငံမှ လေကြောင်း ခရီးစဉ်များကို ယာယီပိတ်ပင်ထားသည်။
တရုတ်နိုင်ငံက ဗြိတိန်နိုင်ငံမှ လေကြောင်းလိုင်းများကို ဒီဇင်ဘာ ၂၄ ရက်မှစတင်ပြီး ပိတ်ပင်ခဲ့သည်။
ကိုးကား- စီအင်န်အေ
ဘာသာပြန်- အောင်ကျော်ကျော်