ကိုဗစ်-၁၉ ကြောင့် အရှေ့တောင်အာရှနိုင်ငံများ စီးပွားရေးထိခိုက်မှုဖြစ်ပေါ်

18-Nov-2020

ဂျကာတာ နိုဝင်ဘာ ၁၇

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အရှေ့တောင်အာရှဒေသနိုင်ငံများ၏ စီးပွားရေးကို အကြီးအကျယ်ထိခိုက်မှုဖြစ်ပေါ် ခဲ့ပြီး ယခုနှစ်၏ နောက်ဆုံးနှစ်ဝက်တွင် ပြည်တွင်းထုတ်လုပ်မှုများ ကျဆင်းခဲ့ကြောင်း သိရသည်။

ယခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအထိ အင်ဒိုနီးရှားနိုင်ငံ၏ ဂျီဒီပီ ၃ ဒသမ ၄ ရာခိုင်နှုန်း လျော့ကျခဲ့သည်။

ဒေသအတွင်း၌ စီးပွားရေးအင်အားအကြီးဆုံးဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် ရောဂါကူးစက်မှု အရှိန်မြင့်လာ သည့်အတွက် အစိုးရက ကန့်သတ်ပိတ်ဆို့ မှုများ ချမှတ်ဆောင်ရွက်ခဲ့ရသည့်အတွက် စားသုံးမှုပမာဏကျဆင်းခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ၏ ဂျီဒီပီမှာ ၁၁ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး စင်ကာပူနိုင်ငံမှာ ၇ ရာခိုင်နှုန်းကျဆင်းခဲ့ကာ ထိုင်းနိုင်ငံ၏ ဂျီဒီပီကျဆင်းမှုမှာ ၆ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံးရှိ ခရီးသွားလုပ်ငန်းများကို ထိခိုက်စေခဲ့ရာ ခရီးသွားလုပ်ငန်းကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ကိုင်နေသည့် စင်ကာပူနှင့် ထိုင်းနိုင်ငံတို့တွင် စီးပွားရေးထိခိုက်မှု ပိုမိုပြင်းထန်ခဲ့သည်။

အင်န်အိတ်ချ်ကေ