နေပြည်တော် နိုဝင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ နိုဝင်ဘာ ၁၈ ရက်က KTV ဆိုင်၊ အနှိပ်ခန်း ဖွင့်လှစ် လုပ်ကိုင်သူများနှင့် လာရောက်သူများကို ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၈ ရက် နံနက် ၄ နာရီခွဲတွင် KTV ဆိုင်နှင့် အနှိပ်ခန်းများ ဖွင့်လှစ်လုပ်ကိုင်နေကြောင်း သတင်းအရ မြင်းခြံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က (၁၉)ရပ်ကွက်ရှိ Dream Garden KTV ဆိုင်နှင့် အနှိပ်ခန်းအား သွားရောက်စစ်ဆေးရာ အဆိုပါဆိုင်အတွင်း၌ ဆိုင်မန်နေဂျာ ဖြစ်သူ သာစည်မြို့နယ် ပေါက်ချောင်းကျေးရွာနေ အုန်းမြိုင်နှင့် ဆိုင်ဝန်ထမ်း ရှစ်ဦး၊ KTV/အနှိပ်ခန်းများသို့ လာရောက်သူ သန့်ဇင်ဦးပါ ၁၉ ဦးနှင့် သီချင်းသီဆို ပေးသူ နန်းယုခိုင်ပါ ၂၄ ဦး စုစုပေါင်း ၅၂ ဦးအား လည်းကောင်း။
(၁၈)ရပ်ကွက်ရှိ “ပန်းတော်ဝင်” KTV ဆိုင်နှင့် အနှိပ်ခန်းများအတွင်း၌ ဆိုင်မန်နေဂျာဖြစ်သူ ထနောင်းတိုင်ကျေးရွာနေ မျိုးမင်းသိန်း၊ ဆိုင်ဝန်ထမ်း လေးဦး၊ လာရောက်ပျော်ပါးသူ ထွန်းလင်းဦး ပါ ရှစ်ဦးနှင့် သီချင်းသီဆိုသူ မသူဇာ အောင်ပါ ၁၄ ဦး စုစုပေါင်း ၂၇ ဦးတို့အား တွေ့ရှိကာ ကာရာအိုကေစက်ခြောက်လုံး၊ မွေ့ရာ သုံးခု၊ ခေါင်းအုံးသုံးလုံးနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သဖြင့် အုန်းမြိုင်ပါ ၅၂ ဦးနှင့် မျိုးမင်းသိန်းပါ ၂၇ ဦးတို့အား မြင်းခြံမြို့မရဲစခန်း၌ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ ရဲပြန်ကြား