ဂျီနီဗာ နိုဝင်ဘာ ၂၁
လူတိုင်းလူတိုင်း ကိုဗစ် -၁၉ ကာကွယ် ဆေးရရှိရန် အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းများ၏ ထောက်ပံ့မှုရရှိရေး အတွက် ကုလသမဂ္ဂအတွင်းရေးမှူး ချုပ် အန်တိုနီယိုဂူတာရက်စ်က တောင်းဆိုခဲ့သည်။
နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်တွင် နိုဝင်ဘာ ၂၁ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး နိုဝင်ဘာ ၂၁ ရက် ဂျီ -၂ဝ အဖွဲ့ဝင်နိုင်ငံ များ အစည်းအဝေးမတိုင်မီ ကျင်းပ ခဲ့ခြင်းဖြစ်သည်။ မကြာသေးမီက ထွက်ပေါ်လာသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကြောင့် မျှော်လင့် ချက် ရောင်ခြည်သန်းလာပြီဖြစ် ကြောင်း၊ သို့သော်လည်း အဆိုပါ မျှော်လင့်ချက်မှာ လူတိုင်းလူတိုင်း အပေါ်တွင် သက်ရောက်မှုရှိရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် အခြားသောအဖွဲ့များ၏ ဦးဆောင်မှု အောက်တွင် လူတိုင်းလူတိုင်း ကိုဗစ်- ၁၉ ကာကွယ်ဆေးရရန် ပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ အစီအစဉ်ကို ရည် ညွှန်းကာ ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါမူဘောင်ကို အပြည့်အဝ ထောက်ခံပေးကြရန် အမေရိကန်နှင့် ရုရှားတို့ကို ရည်ညွှန်းကာ နိုင်ငံ အားလုံးကို ဂူတာရက်စ်က တိုက်တွန်း ခဲ့သည်။
လူမှုကွန်ရက်မီဒီယာတွင် ပျံ့နှံ့နေ သည့် ကာကွယ်ဆေးနှင့် ပတ်သက် သော သတင်းအမှားများကိုလည်း ၎င်းက ထောက်ပြပြောဆိုခဲ့သည်။
ပြည်သူများအားလုံး ကာကွယ် ဆေးတွင် ယုံကြည်မှုရှိကြရန် ကုလသမဂ္ဂမှ မှန်ကန်သော သတင်း စကားများ ဖြန့်ဝေရန် ကြိုးပမ်း လျက်ရှိသည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
အင်န်အိတ်ခ်ျကေ