တိုကျို ဒီဇင်ဘာ ၁၆
ဂျပန်နိုင်ငံရှိ မစ်ဆူဘီရှီ အဲခရက်ဖ် ကုမ္ပဏီက ကိုဗစ်- ၁၉ကြောင့် ရပ်ဆိုင်းထားရသည့် ပထမဆုံးသော ပြည်တွင်းလုပ် ခရီးသည်တင် ဂျက်လေယာဉ် ထုတ်လုပ်မှုကို ပြန်လည်စတင်နိုင်ရန် ကြိုးပမ်း သည့်အနေဖြင့် ကုမ္ပဏီ၏ လုပ်သား အင်အားကို ၉၅ ရာခိုင်နှုန်းအထိ လျှော့ချရန် ပြင်ဆင်နေကြောင်း ကြေညာခဲ့သည်။
ကုမ္ပဏီအနေဖြင့် လာမည့်နှစ် ဧပြီလမှစတင်ကာ နှစ်စဉ်ဝန်ထမ်း အင်အား ၉၅ ရာခိုင်နှုန်းခန့်အထိ လျှော့ချမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။ အဆိုပါလုပ်ငန်း၏ မူရင်း ကုမ္ပဏီဖြစ်သည့် Mitsubishi Heavy Industry သည် ပြီးခဲ့သည့် အောက်တိုဘာ လအတွင်း ပြည်တွင်းလုပ် SpaceJet လေယာဉ်တီထွင် ထုတ်လုပ်မှုကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ကြေညာခဲ့ သည်။
ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှု ကြောင့် လေကြောင်းသွားလာရေး လုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှု ဖြစ်ပေါ် နေချိန်တွင် မစ်ဆူဘီရှီ၏ ပြည်တွင်း လုပ် လေယာဉ်တီထွင်ထုတ်လုပ်မှု အတွက် အသုံးစရိတ်ကို လျှော့ချခဲ့ ကြောင်း ကုမ္ပဏီကပြောကြားသည်။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ရှိ မစ်ဆူဘီရှီ လေယာဉ်ထုတ်လုပ်ရေး စင်တာ၌လည်း လုပ်ငန်းဆောင်ရွက် နေမှုများကို အနိမ့်ဆုံးအထိလျှော့ချ ခဲ့ကြောင်း သိရသည်။
အင်န်အိတ်ခ်ျကေ