ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင် မဲဆန္ဒနယ်အမှတ်(၁) ကနေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့ NLD ပါတီက ကိုယ်စားလှယ်
ဦးထိုက်ဇော်ဟာ ကျောက်မဲမြို့နယ်ပင်တိန် ရွာ က သူ့ရဲ့ နေအိမ်မှာ ဒီကနေ့ညနေ ၆ နာရီလောက်က သေနတ် နဲ့ ပစ်ခံရလို့ သေဆုံးသွားတယ်လို့ကျောက်မဲမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အတည်ပြုပါတယ်။
ဦးထိုက်ဇော်ဟာနေအိမ်မှာ ကွမ်းရောင်းဖို့ ကွမ်းယာ ယာနေချိန်မှာ ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။သေနတ်ဒဏ်ရာရရှိတဲ့ဦးထိုက် ဇော်ကို ကျောက်မဲဆေးရုံကိုပို့ဆောင်ကုသပေမယ့် သေနတ်ဒဏ်ရာပြင်းထန်လို့သေဆုံးသွားခဲ့တယ်လို့ ပြောပါတယ်။
ဦးထိုက်ဇော်ဟာ ၂၀၂၀ အထွေထွေကောက်ပွဲမှာ ကျောက်မဲခရိုင်ကနေ နှစ် ၃၀အတွင်း NLD ပါတီက ပထမဆုံးအနိုင်ရရှိတဲ့ အနိုင်ရ ကိုယ်စားလှယ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အိမ်ကို လည်း ညပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ဖြစ်စဉ်လည်း ဖြစ်ခဲ့ပါသေးတယ်။
ဘီဘီစီမြန်မာပိုင်း
ဓာတ်ပုံ-NLD (ကျောက်မဲ)