တိုကျို နိုဝင်ဘာ ၁၄
ကိုဗစ်- ၁၉ ကူးစက်ပျံ့နှံ့နိုင်သည့် အန္တရာယ်ကြောင့် နေအိမ်မှနေ၍ အလုပ်လုပ်နေကြသူများကို ပစ်မှတ်ထားသည့် ဆိုက်ဘာတိုက်ခိုက်မှုများ တိုးပွားလာကြောင်း ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ ကက်စပါစကိုင်းလက်ဘ် က ပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန်အတွင်း ဟက်ကာများသည် ကွန်ပျူ တာ ဆာဗာများထဲသို့ အိုင်ဒီနှင့် စကားဝှက်အမျိုးမျိုး ရိုက်ထည့်ခြင်းဖြင့် ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းသည့် ဆိုက်ဘာတိုက်ခိုက်မှုများ များပြား လာလျက်ရှိကြောင်း အဆိုပါကုမ္ပဏီက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလက ကွန်ပျူတာဆာဗာများထဲသို့ ဝင်ရောက်ရန် ကြိုးပမ်းမှုပေါင်း ၂၂၃ ခု၊ မတ်လတွင် ၂၄၂ ခုနှင့် ဧပြီလတွင် ၃၂၃ ခုအထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ။
ကိုဗစ်- ၁၉ ကူးစက်မှုကို လျှော့ချနိုင်ရန်အတွက် လုပ်ငန်းခွင်သို့ ကိုယ်တိုင်သွားရောက်မည့်အစား နေအိမ်မှနေ၍ လုပ်ငန်းလုပ်ဆောင်ခဲ့သည့် စက်တင်ဘာလအရောက်တွင် ဆိုက်ဘာတိုက်ခိုက်မှု ၃၅၂ ခုအထိ တိုးလာ ပြီး အောက်တိုဘာလတွင် ၃၆၂ ခုအထိ ရှိလာကြောင်း ကက်ပါစကိုင်း ကုမ္ပဏီက ပြောသည်။
ထို့ပြင် ဆိုက်ဘာတိုက်ခိုက်မှု အများစုမှာ ပြည်ပမှဖြစ်ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ