ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပွန်ချောင်း ချောင်းကူးတံတားကြီးတည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး

08-Oct-2020

ဆီဆိုင် အောက်တိုဘာ ၇

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင် မြို့နယ် လွယ်ပွတ်ကျေးရွာအုပ်စု အတွင်းတွင်ရှိသော ပွန်ချောင်းကို ဖြတ်၍ တောင်ဘက်ကမ်းနှင့် မြောက် ဘက်ကမ်းကို ဆက်သွယ်ထားသည့် ကျွန်းတောင်-ကျောက်တစ်လုံးကြီးနောင်ယာဆိုင်း- ဆိုက်ခေါင်- ပွန် ချောင်း - မောက်မယ်လမ်းတံတား အမှတ်(၉/၄၅)ပွန်ချောင်းတံတားကြီး တည်ဆောက်မှု ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတားမှာ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အကြီးဆုံး တံတားတစ်စင်းဖြစ် ကြောင်းလည်း သိရသည်။

အဆိုပါတံတားကြီးသည် အရှည် ပေ ၁၉၀ ၊ အကျယ် ၂၄ ပေ၊ လူသွား လမ်းအကျယ် တစ်ဖက်သုံးပေစီ၊ အမြင့် ၄၅ ပေ၊ တံတားခံနိုင်ဝန် ၇၅ တန် (ယာဉ်တစ်စီးချင်း)၊ တံတား အခန်းဖွဲ့စည်းပုံမှာ ပေ ၄၀ ခန်းတစ် ခန်း၊ ပေ ၁၀၀ ခန်းတစ်ခန်း၊ ပေ ၅၀ ခန်းတစ်ခန်းပါရှိကာ သံမဏိသံပေါင်၊ သံကူကွန်ကရစ် ရက်မ၊ သံကူ ကွန်ကရစ် ကြမ်းခင်းအမျိုးအစား ဖြစ်ပြီး ကျွန်းတောင်-ကျောက်တစ် လုံးကြီး-နောင်ယာဆိုင်း-ဆိုက်ခေါင်ပွန်ချောင်း-မောက်မယ်ကို ဆက်သွယ် ထားသော တံတားကြီးဖြစ်သည်။

တံတားကြီးကို တံတားအထူး အဖွဲ့ (၁၂)မှ ပြည်နယ် ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၉၇၄ ဒသမ ၅ သန်းဖြင့် တည်ဆောက်ရေးအဖွဲ့ (၃)၊ တံတားအထူးအဖွဲ့(၁၂)မှ တာဝန်ယူ ၍ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်မှ စတင် တည်ဆောက်ခဲ့ရာ တံတားပြီးစီးမှုကို အောက်တိုဘာ ၅ ရက်က တံတား အထူးအဖွဲ့(၁၂) ရွှေညောင်မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းသောင်း၊ တောင်ကြီးခရိုင် လမ်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး (မြို့ပြ) ဦးမျိုးလွင် နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုသည်။

အဆိုပါတံတားကြီးပြီးစီးပြီဖြစ်၍ ကျွန်းတောင်-ကျောက်တစ်လုံးကြီး မြို့- ဆီဆိုင်မြို့နယ်နှင့် မောက်မယ် မြို့နယ်သို့ ဆက်စပ်သွားလာမှု ပိုမို မြန်ဆန်ပြီး ကျေးလက်နေပြည်သူများ အနေဖြင့်ကုန်စည်စီးဆင်းမှု ကောင်း မွန်လာတော့မည်ဖြစ်ကြောင်း သိရ သည်။

ခွန်ရဲထွေး(ဆီဆိုင်)