အရန်ထီ အက္ခရာ(၁)လုံးကို ထီလက်မှတ်(၁၁)စောင်ပါ တစ်အုပ်လျှင် တစ်သောင်းကျပ်ဖြင့် ရောင်းချ

17-Nov-2020

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အောင်ဘာလေသိန်းဆုဌာနခွဲ

ကြေညာချက်

( ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၇ ရက် )

၁။     ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ စတင်၍ ထီဈေးနှုန်းတည်ငြိမ်ရေးနှင့် ထီဈေးနှုန်းမြင့်တက်မှုကို ထိန်းသိမ်း နိုင်ရန်၊ ဝယ်လိုအားမြင့်တက်မှုကို ဖြည့်ဆည်းရောင်းချပေးနိုင်ရန် ရည်ရွယ်၍ လစဉ် ထီဖွင့်လှစ်မည့် အကြိမ်၊ ရက်စွဲ ပါဝင်သော အရန်ထီကို ထားရှိဆောင်ရွက်ခဲ့ပါသည်။

၂။     (၂၂)ကြိမ်မြောက် ၁၀၀၀ကျပ်တန် အောင်ဘာလေထီလက်မှတ်များကို “က” အက္ခရာမှ အစဉ်လိုက် “ကဆ”အက္ခရာအထိ အက္ခရာ(၄၀)လုံးအား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၁)ရက်နေ့မှ စတင်ရောင်းချခဲ့ရာ ယခု အခါတွင် အက္ခရာအားလုံးကုန်စင်အောင် ရောင်းချခဲ့ပြီးဖြစ်ပါသည်။

၃။     ကျန်ရှိနေသော အရန်ထီ အက္ခရာ(၁)လုံးကို ထီလက်မှတ်(၁၁)စောင်ပါ ထီစာအုပ်တစ်အုပ်လျှင် ၁၀၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိသည်ဖြစ်ပါ၍ လူပုဂ္ဂိုလ်တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းများအနေဖြင့် ဖြစ်စေ ထပ်မံဝယ်ယူလိုမှုများရှိပါက (၁၇.၁၁.၂၀၂၀)ရက်နေ့မှ (၁၈.၁၁.၂၀၂၀)ရက်နေ့အထိ လာရောက် လျှောက်ထားကြရန်နှင့် ဝယ်ယူခွင့်ရရှိသူများသည် ဘဏ်ငွေသွင်းချလန် (TF-1) ဖြင့် ကျသင့်ငွေများ ပေးသွင်း၍ အောင်ဘာလေသိန်းဆုဌာနခွဲ တည်ရှိရာ အမှတ်(၃၈၄)၊ မဟာဗန္ဓုလလမ်းနှင့် (၃၇)လမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တွင် ရုံးဖွင့်ရက်များ၌ ရောင်းချပေးသွားမည် ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။