တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi လာမယ့် တနင်္လာနေ့မှာ မြန်မာနိုင်ငံကို ၂ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်လာဖို့ရှိကြောင်း The Economic Times က ဖော်ပြပါတယ်။
မြန်မာအစိုးရဘက်ကရော တရုတ်ဘက်ကရော ဒီခရီးစဉ်နဲ့ပတ်သက်လို့ တစုံတရာ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် CMEC အပါအဝင် တရုတ်ရဲ့ BRI ခါးပတ်လမ်းစီမံကိန်းတွေ ကိစ္စလို့ အိန္ဒိယရဲ့ Economic Times က ဖော်ပြပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်ပါတီနဲ့မှ မဟာမိတ်ဖွဲ့စရာမလိုဘဲ အစိုးရဖွဲ့နိုင်တဲ့အထိ လက်ရှိအာဏာရ NLD ပါတီက အနိုင်ရခဲ့ပြီး မကြာခင် အစိုးရသစ်ဖွဲ့စည်းဖို့ ရှိနေချိန်နဲ့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်က တိုက်ဆိုင်နေပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က အာဖရိက ၅ နိုင်ငံ ခရီးစဉ် သွားရောက်ပြီး တရုတ်ရဲ့ ခါးပတ်လမ်းမစီမံကိန်း အပါအဝင် တရုတ်-အာဖရိက နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၄ ရက်နေ့ကနေ ၉ ရက်နေ့အထိ အာဖရိကနိုင်ငံတွေဖြစ်တဲ့ နိုင်ဂျီးရီးယား၊ ကွန်ဂိုသမ္မတနိုင်ငံ၊ ဘော့စ်ဝါနာ၊ တန်ဇန်းနီးယားနဲ့ Seychelles တို့ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
VOA News