ရန်ကုန်တိုင်းဒေသကြီး၊ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် မဲဆန္ဒနယ်နေရာအားလုံးကို ရေတွက်ပြီးစီးပြီဖြစ်လို့ မဲအရေအတွက် နှစ်သောင်းကျော်နဲ့ အနိုင်ရရှိသွားပြီလို့ ဒေါ်ထုမေကသူ့ရဲ့လှုမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။ ဒေါ်ထုမေဟာ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အနေနဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ဒေါ်ထုမေနဲ့ အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူတွေကတော့ အခြားတစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း(၂)ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကတစ်ဦး၊ရခိုင်အမျိုးသားပါတီကတစ်ဦးတို့ဖြစ်ပါတယ်။ဆန္ဒမဲပေးခွင့်ရသူဦးရေ(၁)သိန်းကျော်ရဲ့ခိုင်လုံမဲ (၅)သောင်းကျော်မှာ မဲရလဒ်(၂)သောင်းကျော်နဲ့ အနိုင်ရရှိတာဖြစ်ပါတယ်။
ဘီဘီစီမြန်မာပိုင်း
ဓါတ်ပုံ-ဒေါ်ထုမေဖေ့ဘွတ်ခ်