ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးမှ ကြီးမှူးကျင်းပသောအသိပညာပေးပိုစတာနှင့် ဗီဒီယိုကြော်ငြာပြိုင်ပွဲတွင်မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်သူ ဒုတိယဆုရရှိ

06-Jan-2021

နေပြည်တော် ဇန်နဝါရီ ၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးမှ ကြီးမှူး၍ “Together Against Corruption” ခေါင်းစဉ်ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးပိုစတာနှင့် ဗီဒီယိုကြော်ငြာပြိုင်ပွဲတစ်ရပ် ကျင်းပခဲ့ပြီး နိုင်ငံတကာမှ အသက် ၁၄ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်များ ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ခဲ့သူများအနက် ရန်ကုန်မြို့ အထက (၂) စမ်းချောင်းတွင် ပညာသင်ယူ နေသော အဋ္ဌမတန်းကျောင်းသူ မအိမ့်မျက်ခြယ်သည် ဒုတိယဆုရရှိခဲ့သည်။

ဆုချီးမြှင့်ပွဲအခမ်းအနားကို အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အထိမ်းအမှတ်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်