ရွေးကောက်ပွဲ တရားမျှတမှုမရှိဘူး လို့ ကြံ့ခိုင်ရေးပါတီ သတင်းစာရှင်းလင်း

17-Nov-2020

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တရားမမျှတမှုတွေရှိနေတယ်ဆိုပြီး မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းမှာ သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီဟာလည်း ပြီးခဲ့တဲ့တစ်ပတ်က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး တပ်မတော်နဲ့ပူးပေါင်းပြီး ရွေးကောက်ပွဲပြန်ကျင်းပပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုက်တွန်းတောင်းဆိုထားပါတယ်။

ကော်မရှင်ကို အယုံအကြည်မရှိကြောင်း ပါတီ တချို့ရဲ့ပြောကြားချက်တွေဟာ သူတို့ရဲ့လွတ်လပ်စွာပြောဆိုပိုင်ခွင့်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက တုံ့ပြန်ထားပြီး ရွေးကောက်ပွဲကို နောက်တစ်ကြိမ်ပြန်ကျင်းပပေးဖို့လည်းမရှိကြောင်း၊ ရွေးကောက်ပွဲရလဒ်ကို လက်ခံကြောင်း ပါတီတချို့ရဲ့ ထုတ်ပြန်ချက်တွေလည်းရှိထားကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က သတင်းစာရှင်းလင်းပွဲမှာတုံ့ပြန်ထားပါတယ်။

BBC Burmese