ရွေးကောက်ပွဲနိုင် မြန်မာအစိုးရနဲ့ ရုရှား ဆက်လက်ပူးပေါင်းဆောင်ရွက်မည်

20-Nov-2020

မြန်မာနိုင်ငံမှာ မကြာသေးခင်က လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပ ပြီးစီးသွားပြီဖြစ်တာကြောင့် ရုရှားနိုင်ငံအနေနဲ့ မြန်မာနဲ့ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဆောင်လိုကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး Maria Zakharova က ကြာသပတေးနေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားလိုက်တယ်လို့ ရုရှားနိုင်ငံထုတ် TASS သတင်းမှာ ဖော်ပြထားပါတယ်။

“နိုင်ငံအတွင်းက ဒေသတချို့မှာ အခက်အခဲ တချို့ရှိခဲ့တာကလွဲလို့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေနဲ့ မဲပေးတဲ့လုပ်ငန်းစဉ်တွေဟာ ပြဌာန်းထားတဲ့ မြန်မာနိုင်ငံ ဥပဒေတွေနဲ့အညီ ငြိမ်းချမ်းစွာ ကျင်ပနိုင်ခဲ့တယ်ဆိုတာကို တွေ့ရကြောင်း၊ မဲပေးသူအရေအတွက်ဟာလည်း များပြားခဲ့ကြောင်း” ရုရှားနိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြောပါတယ်။ ဒါ့အပြင် “ရုရှားရဲ့ အစဉ်အလာအားဖြင့် မိတ်ဆွေနိုင်ငံဖြစ်တဲ့ မြန်မာနဲ့ ဆက်ဆံရေးတွေ ပိုမို အားကောင်းလာရေး ရုရှားဘက်က သံဓိဌာန်ပြုလိုကြောင်းနဲ့ နှစ်နိုင်ငံပြည်သူ၊ ပြည်သားတွေ အကျိုးစီးပွားကို ရှေ့ရှုပြီး ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း” လည်း ပြောခွင့်ရက ဆက်ပြောခဲ့ပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ရှိအာဏာရ NLD ပါတီက အပြတ်အသတ် အနိုင်ရခဲ့တယ်ဆိုတာကိုလည်း ရုရှားနိုင်ငံထုတ် TASS သတင်းမှာ ဖော်ပြထားပါတယ်။

Crd VOA News