မွေတော်ဆုတောင်းပြည့်စေတီ

Listing Description

မွေတော်ဆုတောင်းပြည့်စေတီသည် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့ ဘုရားမြောက်ရပ်ကွက်အတွင်း တည်ရှိပါသည်။ ဉာဏ်တော် ၉၆ ပေအမြင့်ရှိပြီး စတင်တည်ထားသည့် ခုနှစ် မသိရသော်လည်း သက္ကရာဇ် ၁၂၇၀ ခုနှစ်တွင် ပင်လောင်းစော်ဘွားခွန်ပု၏ သားတော် စဝ်ခမ်းချုပ်မှ ဦးဆောင်ပြီး အများကောင်းမှုဖြင့် ပြုပြင်မွမ်းမံခဲ့သည်။ စေတီတော်၏အနီးရှိ ရေကန်ငယ်ဖြင့် တင့်တယ်သာယာလျက်ရှိပါသည်။