မရမ်းကုန်းမြို့နယ်က အင်းလျားလိတ်လမ်းပေါ်တက်လာတဲ့ လုံးပတ်(၁)ပေ နဲ့ အရှည်(၁၅)ပေခန့်ရှိတဲ့ စပါးအုံးမြွေတစ်ကောင် ကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ ရှာဖွေကယ်ဆယ်ရေးအထူးအဖွဲ့က သွားရောက် ဖမ်းဆီးခဲ့ပါတယ်။
ဒီနေ့ နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းမှာ လမ်းသွားလမ်းလာတွေက ဒီမြွေကြီးကိုတွေ့လို့ ဖမ်းဆီးပေးဖို့ မီးသတ်တပ်ဖွဲ့ကို အကူအညီတောင်းခံခဲ့တာဖြစ်ပါတယ်။
မြွေကြီးကိုဖမ်းပြီးတဲ့နောက် စိတ္တသုခ တပ်ဦးကျောင်းတိုက် ဘေးမဲ့မြွေခြံကို သွားရောက် လွှတ်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။
ဘီဘီစီ မြန်မာပိုင်း
ဓာတ်ပုံ - Myanmar Fire Services Department
ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။