ချင်းပြည်နယ်၊ တွန်းဇံမှာ ZCDနဲ့ NLD နှစ်နေရာစီအနိုင်ယူ

10-Nov-2020

ချင်းပြည်နယ်၊ တွန်းဇံမြို့မှာ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ZCD ပါတီက (၂) နေရာနိုင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက (၂)နေရာ အနိုင်ရသွားပါတယ်။

တွန်းဇံမြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၂) ကိုယ်စားလှယ်နေရာအတွက် လက်ရှိလူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်နဲ့ အတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကို ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရသွားတာဖြစ်ပြီးတော့ အမျိုးသားလွှတ်တော်ကိုယ်စားနဲ့  ပြည်နယ်လွှတ်တော် အမှတ် (၁) နေရာကိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရသွားတယ်လို့ တွန်းဇံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဦးအင်းလမ်းမုန်က အတည်ပြုပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ချင်းပြည်နယ် တွန်းဇံမြို့ကနေ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ZCD ပါတီက (၃)နေရာ အနိုင်ရခဲ့တာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က တစ်နေရာပဲ ရခဲ့တာဖြစ်ပါတယ်။

Crd RFA