မြန်မာမှာလည်း လေယာဉ်အပျော်စီးခရီးစဉ်တွေ စီးနင်းနိုင်တော့မယ်

04-Dec-2020

ကိုဗစ်ကပ်ရဲ့ ရိုက်ခတ်မှုကြောင့် လုံးဝနီးပါးရပ်ဆိုင်းထားရတဲ့ ခရီးသွားလုပ်ငန်းကို ပြန်လည်မြှင့်တင်နိုင်ဖို့ အတွက် အပျော်စီးလေယာဉ်ခရီးစဉ်တွေ ( Sightseeing Flights Tour) ၊မြစ်တွင်းသင်္ဘောခရီးစဉ်တွေနဲ့ ကုန်းတွင်းယာဉ်တန်းနဲ့ အဏ္ဏဝါ ခရီးသွားလုပ်ငန်းတွေကို ဒီဇင်ဘာလထဲဆောင်ရွက်သွားမယ်လို့ ဟိုတယ်နဲ့ခရီးသွား လာရေးဝန်ကြီးဌာနကဒီဇင်ဘာ ၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

‘‘ လောလောဆယ်ကတော့ ပြည်တွင်းခရီးစဉ်တွေပေါ့နော် Sightseeing ခရီးစဉ်တွေ ပျံသန်းနိုင်ဖို့ရှိမရှိ သူတို့စိတ်ဝင်စားမှုရှိမရှိ လေကြောင်းလိုင်းတွေကိုမေးဖို့ လုပ်နေပါ တယ်။’’လို့ လေကြောင်းဦးစီးဌာနရဲ့ညွှန်ကြားရေးမှူးဖြစ်သူ ဦးနေလင်းက ဘီဘီစီကို ပြောပါတယ်။

ဟိုတယ်နဲ့ခရီးသွားညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရ အပျော်စီးလေယာဉ် ခရီးစဉ်တွေကို ဒီဇင်ဘာလဆန်းမှာလည်းကောင်း၊ မြစ်တွင်းသင်္ဘောခရီးစဉ်တွေကို ဒီဇင်ဘာ ဒုတိယပတ်နဲ့ ကုန်းတွင်းယာဉ်တန်းနဲ့ အဏ္ဏဝါခရီးသွားလုပ်ငန်း (Caravan Tour)ကိုတော့ ဒီဇင်ဘာလနောက်ဆုံးအပတ်မှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနနဲ့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ သတ်မှတ်ထားတဲ့ စံသတ်မှတ်ချက် တွေအပေါ်မူတည်ပြီး လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

‘ ‘  လေယာဉ်တွေမှာလည်း သူတို့ရဲ့ flying hours အတွက်ပျံသန်းနေရတာတွေရှိတယ်။ ဒေသဆို်င်ရာမှာ လည်း ခရီးသည်တွေကို ဒေသအပြင်ကိုထွက်ဖို့ကအဆင်မပြေဘူး။ ဒါတွေအတွက် ပေါင်းပြီး ပထမဆုံး ခြေလှမ်းအနေနဲ့ ဝန်ကြီးဌာနအနေနဲ့ စတင်တာ ဖြစ်ပါတယ်။ အဓိကကတော့ ပြည်တွင်းခရီးသွားလုပ်ငန်းကို စပြီးတော့လှုပ်နှိုးတဲ့ သဘောနဲ့လုပ်တာဖြစ်ပါတယ်။’’လို့ ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးအသင်း ဒုဥက္ကဋ္ဌဖြစ်သူ ကိုကောင်းမင်းခန့်ကပြောပြပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လေကြောင်းခရီးစဉ်တွေပိတ်ထားရချိန်မှာ လေကြောင်း လိုင်းတွေအရှုံးပေါ်မှုကို ကုစားတဲ့အနေနဲ့ နိုင်ငံတကာမှာလည်း ထွက်ခွာရာလေဆိပ်မှာပဲ ပြန်လည်ဆိုက်ရောက်တဲ့ အပျော်စီးခရီးစဉ်ဖြစ်တဲ့ nowhere flights တွေကို ပျံသန်း ပြေးဆွဲပေးနေတာတွေရှိနေပါတယ်။

#ဘီဘီစီမြန်မာပိုင်း

ပုံစာ - လွိုင်ကော်မြို့ကိုအပေါ်စီးကမြင်ရပုံ

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။