မိန်းကလေးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင် ရောင်းစားခဲ့သူများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

16-Dec-2020

နေပြည်တော်  ဒီဇင်ဘာ   ၁၅

မိန်းကလေးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင် ရောင်းစားခဲ့သူများအား လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေအရ အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ် မူဆယ်မြို့ ကောင်းမှုတုံ ရပ်ကွက်နေ မသီ(ခ)ငြိမ်းငြိမ်းအေး(မိ)၊ ကိုဇင်မင်းထွန်း(မိ)၊ ဝိန်းနားကျေးရွာနေ   မလှလှဝင်း(မိ)၊    နမ့်ခမ်းမြို့နေ မပလောင်မ (တိမ်းရှောင်)၊ တရုတ်နိုင်ငံနေ ကျောက်ယွန် ကျင်း(မိ)နှင့် ယောင်ကျန်းဟွေ့ (တိမ်းရှောင်)တို့က နမ့်ခမ်း မြို့ ကောင်းကတ်ကျေးရွာနေ အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦးကို   တရုတ်နိုင်ငံသို့ပို့ဆောင်၍   တရုတ် ဇနီးအဖြစ် ရောင်းစားခဲ့မှုအား  မူဆယ်မြို့မရဲစခန်း (ပ) ၇၁၈/  ၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ   ၂၈ (က)ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မူဆယ်ခရိုင်တရားရုံးသို့ တရား စွဲဆိုတင်ပို့ခဲ့ရာ ဒီဇင်ဘာ ၁၀ ရက်တွင် ပြစ်မှုကျူးလွန်သူ မသီ (ခ)ငြိမ်းငြိမ်းအေး၊ ကိုဇင်မင်းထွန်း၊ မလှလှဝင်းနှင့် ကျောက် ယွန်ကျင်းတို့အား လူကုန်ကူးမှုတားဆီးကာကွယ်ရေး  ဥပဒေ ပုဒ်မ  ၂၄   အရ   အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်စီချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံနှစ်ဦးကို တရားခံပြေးကြေညာခဲ့ကြောင်း သိရသည်။

သတင်းစဉ်